Map Graph

ရွှေပြည်ညွှန့်ရွာ၊ နောင်ချိုမြို့နယ်

ရွှေပြည်ညွှန့်ရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ မျက်ချီးနုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၈၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မျက်ချီးနုကျေးရွာအုပ်စုတွင် ကျား ၂၃၀၃ ဦး၊ မ ၂၃၄၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၅၁ ဦးနေထိုင်သည်။ ကိုးကန့်လူမျိုးများ နေထိုင်သော ရွာဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ကိုးကန့်လက်နက်ကိုင် အချင်းချင်း ပြဿနာ ဖြစ်ပွားခြင်း နောက်ဆက်တွဲ ဖြေရှင်းမှု တခုအဖြစ် စစ်ရှုံးသူများကို နောင်ချို မြို့အနီး နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။ ရွှေပြည်ညွန့်ဟူသောအမည်ကို ပျံလွန်သူ ဘန့်ဘွေးဆရာတော် က ပေးခဲ့ခြင်း ဖြစ်သည် ဟု ဆရာတော် မပျံလွန်ခင် က ကိုယ်တိုင် မိန့်ကြားဖူးကြောင်း ပြောပြချက်အရသိရသည် ။

Read article